ကလေးအတွေး (အပိုင်း ၂)

Posted: April 21, 2011 in ဟာသ

ကျွန်တော့သမီးလေးက သူစကားပြောရင် သေသေချာချာနားထောင်မှကြိုက်တာ သူ့ကိုလည်း သေသေချာချာ ရှင်းပြရင် အရမ်းသဘောကျတာ။ အိမ်မှာ သမီးနဲ့ အတူနေဖြစ်တဲ့အချိန်ဆို သူ့ကို တစ်ခုမဟုတ် တစ်ခုအကြောင်း ပြောပြဖြစ်တယ်။ ငှက်ကလေးတွေ ကြည့်ဖြစ်ရင်လဲ ဒီငှက်ကလေးတွေက ဘာငှက်အမျိုးအစား၊ ဘာလုပ်နေကြတာ၊ ငှက်ဖိုလေးက ဘယ်လို၊ ငှက်မလေးက ဘယ်လိုပေါ့လေ။ တီဗွီကြည့်လို့ အကောင်လေးတွေအကြောင်း လာရင်လည်း အဖိုက ဘယ်လို၊ အမက ဘယ်လို၊ သူတို့သား သမီးတွေကဘာလုပ်နေကြတယ်။ တိရိစ္ဆာန်မိသားစုလေးတွေ ဘာလုပ်နေကြတယ်… စသဖြင့်ပေါ့လေ။

သူ့အဖွားအိမ်ကို(အမျိုးသမီးရဲ့ အဒေါ်) အလည်သွားရင် သူ့အဒေါ်တွေ၊ ဦးလေးတွေနဲ့ ကစားတာပေါ့။ အဒေါ်တစ်ယောက်က သူ့ကို လက်သည်းဆိုး ပေးမယ်ဆိုပြီး မှန်တင်ခုံရှေ့မှာ သူ့လက်သည်းလေးတွေဆိုးပေးတယ်။ လက်သည်းဆိုးနေရင်းက သူ့လက်မ အလှည့်လည်းရောက်ရော သူ့လက်မလေးကိုထောင်ပေးရင်း အဒေါ်ကို မေးလိုက်တယ် “ဒေါ်ဒေါ်လေး ဒါက လက်မဆိုတော့ လက်ဖိုက ဘယ်မှာလဲဟင်”တဲ့။  😛 😛

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s