၁၁ နဲ့ ၁၂ ရက်နေ့က ပုဂံကို စနေ၊ တနင်္ဂနွေ ၂ ရက်လောက်သွားရင်း လက်ဆော့ထားတာလေးတွေပါ။ ပုဂံနေ၀င်ဆည်းဆာလေးရိုက်ဖို့ ကြိုးစားသေးတယ် အဲဒီနေ့ကတစ်နေကုန် မိုးအုံ့နေတော့ ဘယ်လိုမှအဆင်မပြေလိုက်ဖူး (မကျေနပ်သေးဘူး နောက်တစ်ခါလောက် ကြိုးစားကြည့်ချင်သေးတယ် 🙂 )
ထီးလိုမင်းလိုဘုရား
[Unicode]
ကျွန်တော့သမီးလေးက သူစကားပြောရင် သေသေချာချာနားထောင်မှကြိုက်တာ သူ့ကိုလည်း သေသေချာချာ ရှင်းပြရင် အလွန်သဘောကျတာ။ အိမ်မှာ သမီးနဲ့ အတူနေဖြစ်တဲ့အချိန်ဆို သူ့ကို တစ်ခုမဟုတ် တစ်ခုအကြောင်း ပြောပြဖြစ်တယ်။ ငှက်ကလေးတွေ ကြည့်ဖြစ်ရင်လဲ ဒီငှက်ကလေးတွေက ဘာငှက်အမျိုးအစား၊ ဘာလုပ်နေကြတာ၊ ငှက်ဖိုလေးက ဘယ်လို၊ ငှက်မလေးက ဘယ်လိုပေါ့လေ။ တီဗွီကြည့်လို့ အကောင်လေးတွေအကြောင်း လာရင်လည်း အဖိုက ဘယ်လို၊ အမက ဘယ်လို၊ သူတို့သား သမီးတွေကဘာလုပ်နေကြတယ်။ တိရစ္ဆာန်မိသားစုလေးတွေ ဘာလုပ်နေကြတယ်… စသဖြင့်ပေါ့လေ။
သူ့အဖွားအိမ်ကို(အမျိုးသမီးရဲ့ အဒေါ်) အလည်သွားရင် သူ့အဒေါ်တွေ၊ ဦးလေးတွေနဲ့ ကစားတာပေါ့။ အဒေါ်တစ်ယောက်က သူ့ကို လက်သည်းဆိုး ပေးမယ်ဆိုပြီး မှန်တင်ခုံရှေ့မှာ သူ့လက်သည်းလေးတွေဆိုးပေးတယ်။ လက်သည်းဆိုးနေရင်းက သူ့လက်မ အလှည့်လည်းရောက်ရော သူ့လက်မလေးကိုထောင်ပေးရင်း အဒေါ်ကို မေးလိုက်တယ် “ဒေါ်ဒေါ်လေး ဒါက လက်မဆိုတော့ လက်ဖိုက ဘယ်မှာလဲဟင်”တဲ့။ 😛 😛
[Zawgyi]
[Unicode]
ပြီးခဲ့တဲ့ ၂ လပိုင်း ၂၇ ရက်နေ့က ကျွန်တော့သမီးလေး အေးချမ်းမြေ့ ၃ နှစ်ပြည့်ပါတယ်။ ၁ နှစ်သမီးလောက်ကတည်းက စကားစပြောတာ ၁ နှစ် ခွဲလောက်ရောက်တော့ ကဗျာတွေ၊ သီချင်းတွေတောင် အတိုအစလေးတွေ လိုက်ဆိုတတ်နေပြီ။ အရောင်တွေလဲ ကောင်းကောင်းခွဲပြီး သိနေပါပြီ။ အခုဆို ၃ နှစ်တောင်ရှိပြီဆိုတော့ စကားကလည်း အတော်တတ်နေပြီး ဒီအရွယ်ရဲ့ ထုံးစံအတိုင်း အမေးအမြန်းလည်း အလွန်ထူပြီး ဆင်ခြေတွေ ဆင်လက်တွေလဲ အတော်ပေးတတ်နေပါပြီ။ တစ်ခါတစ်ခါ သူပြောတာလေးတွေက ကျွန်တော်တို့ ထင်မထားတဲ့ ရှု့ဒေါင့်ကနေထွက်ထွက်လာလို့ အတော်လေးလည်း ရီရတယ်။
ကျွန်တော့သမီးက အရောင်တွေလဲ နည်းနည်း ရူးသွပ်ပုံရတယ်။ ကစားစရာလေးတွေဆိုလဲ အရောင်လေးတွေအလိုက်မှ၊ အင်္ကျီအ၀တ်အစားလေးတွေဆိုလဲ သူ့ဖာသာအရောင်တွေ ရွေးချင်သေးတယ်၊ အဲဒီအရောင်ပေါ်လိုက်ပြီး ဖိနပ်တို့ သူ့ဆံပင်ညှပ်တဲ့ ကလစ်လေးတွေအစ ရှိရင် အနည်းစပ်ဆုံး အရောင်တူအောင်ရွေးချင်တာ။ အဲဒီတော့ သူ့ဖိနပ်တွေဆို အရောင်စုံတာလေးပါတာ၀ယ်ပေးထားမှ မဟုတ်လို့ကတော့ သူ၀တ်တဲ့အ၀တ်အစားနဲ့ မလိုက်တဲ့ဖိနပ်ဆိုမစီးချင်ဘူး ထပ်၀ယ်ခိုင်းချင်တယ်။
တစ်နေ့တော့ ရေချိုးပြီးလို့ အ၀တ်အစားလဲပေးပြီးတာနဲ့ အပြင်သွားမလို့ ဖိနပ်စီးခိုင်းတော့ သူ့အ၀တ်အစားနဲ့ လိုက်မယ့်အရောင်ကမရှိတော့ ဖိနပ်အသစ် ၀ယ်ပေးဖို့ပြောတယ်။ အဲဒါသူ့အဖွားက ကြားသွားတော့ “သမီးမှာ ဖိနပ်တွေအများကြီးရှိတာပဲ အသစ်ထပ်မ၀ယ်ပါနဲ့” လို့ပြောတော့ “အဲဒီဖိနပ်တွေကြီးလာရင် မီးမီးက ဖွားဖွားကိုပေးမယ်လေ ”တဲ့။ 🙂 🙂
[Zawgyi]
tg taxi
ATC ပေါ်ရောက်တုံး ကြုံတာနဲ့ လှမ်းဆွဲထားလိုက်တာ
YA
မြိုင်ထ
Posted: April 10, 2011 in ကဗျာ
လူတစ်ခု     ပူမှုရယ်တဲ့ဆယ်ကုဋေ
လူတစ်စု     ပူမှုရယ်တဲ့အသင်္ချေ
စားဝတ်နေတစ္ဆေ     အထွေထွေဒုက္ခ
စောဗုဒ္ဓါဘုရားရဲ့    ဟောထုတ်ကာကြားတဲ့
လောကုတ္တရာတရားကို     မနောသရုပ်မှာမပွားနိုင်လို့
မယားတစ်ဘက်ရယ်နဲ့     တရားမဖက်နိုင်တဲ့
နှစ်ပါးထွက် မြိုင်ထ။         ။
ံၤံHF
Human factors အားလေ့လာရာတွင် လူသားရဲ့အပြုအမူ အကျင့်စရိုက်တွေကို စနစ်တကျ၊ သိပ္ပ္ပံနည်းကျ ပေါင်းရုံးပြီး လုပ်ငန်းသဘာဝအပေါ် အကျိုးသက်ရောက်မှုကို လေ့လာရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်၊ လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာများကိုပါ ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါသည်။ တစ်နည်းဆိုရရင် လူ့ဦးနှောက်၊ ခန္ဓာကိုယ် အပါအ၀င် လူသားမှ ဆက်စပ်ပတ်သက်ပြီး အသုံးပြုသော အရာဝတ္ထု၊ အဖြစ်အပျက် အကြောင်းအရာများကိုပါ ထည့်သွင်းလေ့လာရမှာ ဖြစ်ပါတယ်။ Human factors နှင့်ပတ်သက်ရင် ကျွန်တော်တို့ဟာ တစ်ဦးချင်းစီရဲ့ ချို့ယွင်းမှုကိုသာ လေ့လာရမှာမဟုတ်ပါဘူး။ လူသားတွေပြုလုပ် ပါဝင်ပတ်သက်နေတဲ့ အစီအမံ၊ အဆောက်အအုံ၊ ပစ္စည်းကိရိယာ၊ အသုံးပြုပုံ အသုံးပြုနည်း၊ ပြင်ဆင်ထိမ်းသိမ်းမှုများကိုပါ လေ့လာဖို့လိုအပ် ပါတယ်။ ကျွန်တော်တို့ဟာ လူကြောင့်ဖြစ်တဲ့ မတော်တဆထိခိုက်မှု တစ်ခုခုကို တွေ့မြင် ကြားသိရတာနဲ့ ” ဒီကောင် တော်တော် မိုက်တာပဲကွာ၊ ဒါလောက်လေးတောင် မစဉ်းစားမိဘူးလား” ဆိုပြီး ပြောဖြစ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်တာကြောင့် မှားတတ်စမြဲပါပဲ။ တရားသဘောအရပဲ ကြည့်ကြည့်၊ သိပ္ပံနည်းကျပဲ ကြည့်ကြည့် တစ်ချိန်မှာ အာရုံတစ်ခုသာလျှင် စိုက်နိုင်ပါတယ်။ ပျံသန်းရေး ပြုလုပ်နေစဉ်မှာ အလုပ်တွေဟာ တစ်ခုပြီးတစ်ခု ဇယ်စက်သလို လုပ်နေရတယ်ဆိုတာ ပြောပြစရာ မလိုပါဘူး၊ အစီအစဉ်အတိုင်း ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း လုပ်နေရတာတွေရှိသလို ရုတ်တရက်ပေါ် လာတဲ့ သီးခြားလုပ်စရာတွေလဲ မြောက်များစွာ ရှိပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့အခြေအနေမျိုးမှာ အမှားဆိုတာ ရှိလာတတ်စမြဲပါပဲ။ ပျံသန်းရေးလုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်နေသူအားလုံးဟာ ရှုပ်ထွေးတဲ့ စနစ်တွေ (complex system)နဲ့ များမြောင်လှတဲ့ အလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ Humans make errors – လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါပါ။ စိတ်အာရုံ ပျံလွင့်တတ်ပါတယ်၊ သတိမေ့လျော့တတ်ပါတယ်၊ ပင်ပန်းနွမ်းနယ်တတ်ပါတယ်၊ တွေဝေမှားယွင်း တတ်ပါတယ်၊ စိတ်ဓာတ်အခြေအနေ အပြောင်းအလဲ အတက်အကျ ရှိတတ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲလို့ မရစကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေစဉ် လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အခြေအနေကိုတော့ အတိုင်းအတာတစ်ခုနဲ့ ပြုပြင်ပြောင်းလဲယူလို့တော့ ရပါတယ်။ ရှုပ်ထွေးခက်ခဲတဲ့ လုပ်ငန်း စနစ်တွေ၊ အခြေအနေတွေမှာ မတော်တဆထိခိုက်မှု ဘယ်လိုဖြစ်ပွားတတ်လဲ၊ ဘာကြောင့် ဖြစ်ပွားတတ်သလဲ ဆိုတာတွေကို နားလည် သဘောပေါက်မယ်ဆိုရင် နောင်ပြုလုပ်မဲ့ လုပ်ငန်းအစီ အမံမှာ အဆိုပါ အခြေအနေကို ပြုပြင်ပေးလိုက်နိုင်ရင် အလားတူ ဖြစ်စဉ်မျိုးမှ ကောင်းစွာ ရှောင်ရှားနိုင်ပါလိမ့်မယ်။
မတော်တဆထိခိုက်မှု ဖြစ်စဉ်တွေကို ပြန်လေ့လာရင် တစ်စုံတစ်ခုသော အမှားတစ်ခုတည်းကြောင့် ထိခိုက်မှုဖြစ်ပွားရတယ်ဆိုတာ အင်မတန် ရှားပါးပါတယ်။ အလုပ်တစ်ခုကို တစ်ယောက်တည်း ပြုလုပ်ရတဲ့ ဖြစ်စဉ်မျိုးမှာပင် တွေ့ရခဲပါတယ်။ ကျွန်တော်တို့ မျက်စေ့နဲ့ ချက်ချင်းမမြင်သာတဲ့ ငုတ်လျှိုးအသွင်နဲ့တည်ရှိနေတဲ့ အားနည်းချက်တွေဟာ နဂိုမူလက ချမှတ်ထားတဲ့အစီအမံ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်လုပ်ကိုင်နေသော အဖွဲ့အစည်း၊ အသုံးချပုံ အသုံးချနည်းနှင့် လေ့ကျင့်ပေးမှုအပိုင်းတွေမှာ ဆက်လက်ကြီးထွားမလာသေးတဲ့၊ မသိသာသော အမှားတွေ အားနည်းချက်တွေဟာ ကာလရှည်ကြာစွာ တည်ရှိနေတတ်ကျပါတယ်။ ဥပမာ- အထက်အဖွဲ့အစည်းမှ ထပ်မံထုတ်ပြန်လိုက်သော၊ အသစ်ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက် ပြင်ဆင်ချက်(သို့) အသစ်ကို အောက်ခြေအဆင့်ထိ ဆက်လက်ရှင်းလင်းဖို့ရန် ပျက်ကွက်နေခြင်း။ အဆိုပါဖြစ်စဉ်တွင် ညွှန်ကြားချက်နှင့် ပတ်သက်ဆက်နွယ်မှုရှိသော မတော်တဆထိခိုက်မှု ဖြစ်ပွားလာခဲ့လျှင် ဖြစ်ပွားစေသူ တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်ဆိုလျှင် မှားယွင်းသွားပေလိမ့်မည်။
တစ်ကမ္ဘာလုံးရှိ ပျံသန်းရေးအဖွဲ့အစည်းများမှာ ယနေ့တိုင် ရာနှုန်းပြည့် မတော်တဆထိခိုက်မှု မကင်းစင်သေးပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ လေကြောင်းသမိုင်းရဲ့ ဘိုးအေကြီးတစ်ယောက်ဖြစ်တဲ့ Wilbur Wright က ပျံသန်းရေးမှာ ရာနှုန်းပြည့် မတော်တဆထိခိုက်မှု ကင်းဝေးခြင်ရင်တော့ ခြံစည်းရိုးမှာထိုင်ပြီး ငှက်တွေပျံနေတာကိုပဲ ထိုင်ကြည့်နေပါလို့ ပြောခဲ့တဲ့ဆိုရိုးစကားဟာလဲ ယနေ့တိုင်မှန်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသော စာအုပ်စာတမ်းများ၊ လေ့ကျင့်မှုဆိုင်ရာ ပြဿနာများ၊ စာအုပ်စာတမ်းများသည် ပြီးပြည့်စုံအောင် မကောင်းမွန်သေးသည့်အတွက် အစဉ်အမြဲ အချိန်၊ ငွေ၊ လူအင်အားများစွာ စိုက်ထုတ်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တွေ့နေရပါတယ်။ အထက်မှာတင်ပြခဲ့သလို လူသားရဲ့ ဆင့်ကဲအမှားဖြစ်စဉ်တွေ လျော့ချနိုင်ဖို့ လေ့ကျင့်မှုတွေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်မှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေကျသော်လည်း အဆိုပါအစီအမံများကို ပြုပြင်နေသူများ ကိုယ်တိုင် လူသားများဖြစ်နေသည့်အတွက် အားနည်းချက်၊ ချို့ ယွင်းချက်များ ထည့်သွင်းပါဝင်တတ်စမြဲဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ? ရှုပ်ထွေးတဲ့ စည်းစနစ်တွေထဲမှာပါဝင်တဲ့၊ ဖြစ်ပွားလေ့ရှိတဲ့ အမှားတွေဟာလဲ လျှပ်စီးလက်သလို ချက်ချင်းတွေ့မြင်ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ တစ်ဖြည်းဖြည်းခြင်း ကြီးထားလာစေပြီး ပြဿနာဖြစ်စေတတ်တာမျိုးပါ။ ဒါကြောင့် ချမှတ်ထုတ်ပြန်ထားတဲ့၊ လက်ရှိအသုံးပြုနေတဲ့ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ လေ့ကျင့်ဆောင်ရွက်မှု အခြေအနေများ အပေါ်ကို ရှုမြင်သုံးသပ် တဲ့အခါမျိုးမှာ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းအတွင်း ငုတ်လျှိုးနေနိုင်မယ့် အားနည်းချက်များ၊ တွေ့ကြုံနေရသော လက်ရှိအခြေအနေနှင့် မကိုက်ညီသော အားနည်းချက်မျိုးကို ရှာဖွေပြုပြင်နိုင်ရမှာဖြစ်ပါတယ်။ ပြင်ဆင်မှုများပြုလုပ်ပြီးပါကလဲ အကျိုးဆက်ကိုစောင့်ကြည့်လေ့လာနေရမှာဖြစ်ပါတယ်။
မတော်တဆထိခိုက်မှုနှင့် တွေ့ကြုံလာတိုင်း လူသားသာလျှင် နောက်ဆုံးကွင်းဆက်အနေနှင့် တည်ရှိနေ တတ်ပါတယ်။ ငုတ်လျှိုးနေတဲ့ ချို့ ယွင်းမှု၊ မှားယွင်းမှုများကို မတောတဆထိခိုက်မှု ဖြစ်ပွားအောင် သိသာထင် ရှားတဲ့ အမှားတစ်ခုကို လူသားက နောက်ဆုံးအနေနဲ့ ပြုမှုလိုက်ခြင်းဖြင့် အဆုံးသတ်တတ်ပါတယ်။ အဆိုပါ သိသာထင်ရှားတဲ့ အမှားအယွင်းဆိုတာ မတောတဆထိခိုက်မှု ဖြစ်ပွားစေနိုင်တဲ့ တားမြစ်ထားသော အပြုအမူ တစ်ခုကို ပြုလုပ်မိခြင်း (သို့) ပြုလုပ်ရန်ပြဌာန်းထားချက်ကို ပြုလုပ်ရန်ပျက်ကွက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ကယ်တော့ အဲဒီအပြုအမူတစ်ခုဟာ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေသများ၊ ညွှန်ကြားချက်များ၊ သတ်မှတ် ပြဌာန်းထားသောစာစောင်များ၊ လေ့ကျင့်သင်ကြားမှုများနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်နေပြီး မတော်တဆထိခိုက်မှု ဖြစ်ပွားစေရန် ကြိုတင်ဖန်တီးပေးထားတဲ့ အခြေအနေတစ်ခုအနေနဲ့ တည်ရှိနေတတ်ပါတယ်။ အဲဒီကြိုတင်ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ပတ်သက်လုပ်ကိုင်နေတဲ့ လူသားများ၊ အဆိုပါပတ်သက်သူများ မည်သို့လုပ်ကိုင်သည်၊ မည်သို့သောရည်ရွယ်ချက်ဖြင့် လုပ်ကိုင်တတ်ကြသည် စသည့်အချက်များနဲ့လဲ ဆက်စပ် နေပါသေးတယ်။ ကျွန်တော်တို့ဟာ လူသားများဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ဖြစ်တတ်ပါတယ်၊ အစာစား သောက်ဖို့လိုအပ်ပါတယ်၊ ပေါင်းသင်းဆက်ဆံပြောဆိုဖို့ လိုအပ်ပါတယ်၊ သင်ကြားပေးနေဖို့ လိုအပ်ပါတယ်၊ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ တစ်ခုပေါ်မှုတည်ပြီး စိတ်ခံစားမှုအရ တုန့်ပြန်တတ်ပါတယ်၊ အာရုံစူးစိုက်စွာ စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်ချက်တွေရှိပါတယ်၊ စီမံခန့်ခွဲလုပ်ကိုင်မှုပိုင်းမှာ အခက်အခဲ ကန့်သတ်ချက်တွေ ရှိပါတယ်။
ဆက်ပါဦးမည်
လေကြောင်းသမိုင်းရဲ့အစကို ပြန်ကြည်မယ်ဆိုရင် ၁၉၀၃ခုနှစ်မှာ စက်ဘီးဆိုင်လေးတစ်ဆိုင်က ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Wright ညီနောင်ကနေ စတင်ပေါ်ပေါက်လာတဲ့ လေယာဉ်တွေရဲ့ စွမ်းအားဟာ ဒီနေ့ခေတ် ၂၁ရာစုမှာဆိုရင် အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ လေယာဉ်ရဟတ်ယာဉ်များရဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အသွေး၊ လုံခြုံစိတ်ချရမှု စတဲ့အချက်တွေ ဘယ်လောက် ကောင်းမွန်နေပါစေ မတော်တဆထိခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။
၁၉၀၃
အခုတင်ပြထားတဲ့ လူသားနဲ့ ဆက်စပ်ပတ်သက်နေတဲ့ မတော်တဆထိခိုက်မှု ဥပမာတွေလိုပါပဲ- ဒီပစ္စည်းကိရိယာတွေက ဘယ်လိုလုပ်ပြီး လေယာဉ်ရဲ့ airintake ထဲကိုဝင်သွားရတာလဲ? ဒီလေယာဉ် ဘီးက ဘာကြောင့် လေမရှိတော့ပဲ ပြားနေရတာလဲ? ဘယ်လိုဖြစ်ပြီး မင်း undershoot ဖြစ်သွားရတာလဲ? USAF က Air Force Safety Center ရဲ့ လေ့လာသုံးသပ်ချက်တွေအရ နှစ်စဉ် ဖြစ်ပွားခဲ့ရတဲ့ မတော်တဆ ထိခိုက်မှုများမှာ လူကြောင့်၊ လူနှင့်ပတ်သက်ဆက်နွယ်နေသော အကြောင်းအရာ တွေကြောင့် ဖြစ်ပွားရတာဟာ ၆၀ မှ ၈၀ ရာနှုန်းလောက် ရှိကြောင်း တွေ့ရပါတယ်။ ဒါဆိုရင် What are human factors? လူသားနဲ့ ပတ်သက်ဆက်နွယ်ပြီး မတော်တဆထိခိုက်မှု ဖြစ်ပွားစေတဲ့ အကြောင်းတွေဆိုတာ ဘာကိုပြောတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။
eq
Man-Machine Equation အရပြန်ကြည့်မယ်ဆိုရင် လေယာဉ်စတင် ပေါ်ပေါက်လာတဲ့အချိန်ကစပြီး လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်၊ နည်းပညာတွေဟာ တိုးတက်ကောင်းမွန်လာခဲ့တဲ့အတွက်ကြောင့် လေယာဉ်ကြောင့် မတော်တဆထိခိုက်မှုနှုန်းတွေဟာ တစ်စစ လျှော့နည်း လာခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်ကလူသားနဲ့ ယနေ့ခေတ်လူသားများဟာ ထူးထူးခြားခြား ပြောင်းလဲလာမှုမရှိပဲ ရပ်တန့် နေတဲ့အတွက်ကြောင့် လူသားကြောင့်၊ လူသားနဲ့ ဆက်စပ်ပတ်သက်နေတဲ့ မတော်တဆထခိုက်မှုတွေသာ များပြားစွာ ဆက်လက်ဖြစ်ပွား နေပါတယ်။
4 M
မတော်တဆထိခိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို 3M ၊ 4M ၊ 5M အစရှိသဖြင့် အမျိုးမျိုး ပိုင်းခြား စိစစ်နေကြနေပေမယ့် ဘယ်လိုပဲ ပိုင်းခြားလေလာပါစေ လူသားကြောင့် ဖြစ်ပွားရတဲ့ မတော်တဆထိခိုက်မှုတွေဟာ ၆၀%မှ ၈၀%ထိ ရှိတယ်ဆိုတာ လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားရခြင်းရဲ့ လက်သည်တရားခံလို့ပြောမယ်ဆိုရင်တောင် မှားမယ်မဟုတ်ပါဘူး။ ဒီလိုမတော်တဆထိခိုက်မှုရဲ့ အဓိကအကြောင်းအရင်းတွေကို လေ့လာဆန်းစစ်သိရှိနိုင်ရန်နဲ့ ရှောင်ရှားနိုင်မယ့် နည်းလမ်းများ စဉ်းစားဖော်ထုတ်နိုင်စေရန်လူသားရဲ့ အမှားပြုလုပ် တတ်ပုံများအကြောင်း လေ့လာထားဖို့လိုပါမယ်။
ဆက်ပါဦးမည်
၃ နှစ်
၃ နှစ်ပြည့်တဲ့နေ့ကပုံလေးပါ
အရမ်း “က” ချင်တဲ့သမီးလေး…..ဓာတ်ပုံဆိုလဲ ရိုက်ရင်းနဲ့သာ ဓာတ်ခဲကုန်သွားမယ် သူကတော့ Style ပေးတုန်း